Tuesday, July 12, 2022

Windows ကို Shut Down ချဖို့ အမြန်ဆုံး shortcut တွေ

 Windows ကို Shut Down ချဖို့ အမြန်ဆုံး shortcut တွေ




၀င်းဒိုး အသုံးပြုသူအများစုက Computer ကို Shut Down ချဖို့ Windows Start Menu ကို သုံးကြပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုမို မြန်ဆန်တဲ့ နည်းလမ်းများလည်း ရှိပါသေးတယ်။ ၀င်းဒိုးကို အမြန်ဆုံး Shut Down ချနိုင်မယ့် နည်းလမ်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Alt+F4
ဒီနည်းလမ်းကိုတော့ ၀င်းဒိုး ဗားရှင်းအားလုံးမှာ သုံးနိုင်ပါတယ်။ Desktop ပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး Alt+F4 ကို နှိပ်ပါ။ Shut Down Windows Prompt ပေါ်လာရင် အိုကေကို နှိပ်ပါ။ Windows+D ကို နှိပ်ပြီး Alt+F4 ကို တန်းနှိပ်လို့လည်း ရပါတယ်။
Windows X Menu
ဒီနည်းလမ်းကိုတော့ Windows 8 နဲ့ သူ့အထက် ဗားရှင်းများမှသာ သုံးနိုင်ပါတယ်။ Windows X ကို နှိပ်ရင် Menu ပေါ်လာမှာပါ။ U ကို နှစ်ခါနှိပ်ပါ။ ပထမတစ်ခါနှိပ်ရင် Shut down or sign out ကို ရွေးပေးမှာပါ။ ဒုတိယတစ်ချက်ကတော့ Shut down ကို နှိပ်တာ ဖြစ်ပါတယ်။
Start Menu
ဒီနည်းကိုတော့ လူအများစု အသုံးပြုလေ့ရှိကြပါတယ်။ မောက်စ်နဲ့ သုံးနိုင်သလို ကီးဘုတ် ကနေလည်း ပြုလုပ်နိုင်ပါတယ်။ Windows Key ကို နှိပ်ပြီး Arrow Key ဖြင့် Shut Down ကို ရွေးပေးပြီး အန်းတား နှိပ်ပါ။
#ZMAOnlineClass 
See less

No comments:

Post a Comment