Tuesday, July 19, 2022

 Window Update ပိတ် / Firewall ပိတ်မယ်

- အရင်ဆုံး Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box မှာ wscui.cpl ဟု ရိုက် Ok နှိပ် ( သို့ ) Enter ခေါက်ပါ။
- Action Center ထဲ ရောက်ပါက Change Action Center Settings ကို နှိပ်ပါ။
- Security message နဲ့ Maintenance messages အောက်က အမှန်ခြစ်လေးတွေ ဖြုတ်ပါ။ ( အနီရောင်လေးနဲ့ ကွက်ပြထားပါတယ် )
- ပြီးရင် Ok ကို နှိပ်ပါ။
- Windows Update ကို နှိပ်ပါ။
- Change Settings ကို နှိပ်ပါ။
- Recommended updates နဲ့ Who can install updates အောက်က အမှန်ခြစ်လေးတွေ ဖြုတ်ပါ။
- Important updates အောက်က Install updates automatically ကို Never check for updates ပြောင်းပါ။
- Ok ကို နှိပ်ပါ။
- Firewall ဆက်ပိတ်ရအောင် Window + R ဖြင့် Run Box ခေါ်ပါ။
- Run Box မှာ firewall.cpl ဟု ရိုက် Enter ခေါက်ပါ ( သို့ ) Ok နှိပ်ပါ။
- Turn Windows Firewall on or off ကို နှိပ်ပါ။
- Home or work ( Private ) network location settings နဲ့ Public network location settings အောက်က အမှန်ခြစ်လေးတွေဖြုတ်ပါ။
- ပြီးရင် Turn off Windows Firewall ကို အစက်ချ Ok ကို နှိပ်ပါ
လေးစားစွာဖြင့်

 #စာစီစာရိုက်သမားတွေ_ကြုံရတတ်တဲ့_error_လေးတစ်ခုပါ

မဂ်လာပါ
🔷 ကျွန်တော်တို့ Laptop keyboard တွေရဲ့ U , I , O , J , K , L , M တို့မှာ စာရိုက်ရင် သက်ဆိုင်တဲ့ စာလုံးတွေ မပေါ်ပဲ 4 , 5 , 6 , 1 , 2 , 3 , 0 ဆိုတာတွေပဲ ပေါ်နေတယ် ဆိုတဲ့ သူများအတွက် ဖြေရှင်းတဲ့နည်းလေးပါ
🔷 အရမ်းလွယ်ကူပါတယ်
ကျွန်တော်တို့ Laptop keyboard ပေါ်မှာ ရှိတဲ့ FN key နဲ့ Numlk Key ကိုတွဲနှိပ်လိုက်ရင် ပြန်သုံးလို့ရသွားမှာ ဖြစ်ပါတယ်
🔷 တစ်ချို့ Laptop keyboard တွေမှာတော့ functions keys တွေကြားမှာ ရှိနေတတ်ပါတယ်
🔷 အမှန်တော့ error တစ်ခုရယ်လို့တော့ မဟုတ်ပါဘူး ကျွန်တော်တို့ စာလုံး Fonts အလှတွေ သုံးတဲ့အခါ external keyboard မရှိတဲ့အခါ ဒီနည်းနဲ့ပဲ Numeric keypad လေးဖွင့်ပြီး သုံးရပါတယ်
ပုံလေးနဲ့ ပြထားပေးလို့ အဆင်ပြေမယ်လို့ထင်ပါတယ်။


 

🖥️Computer ⌨️စတင်လေ့လာမဲ့သူတွေအတွက်
💻Computer keyboard ⌨️ပေါ် လက်တင်အနေအထား





Tuesday, July 12, 2022

Windows ကို Shut Down ချဖို့ အမြန်ဆုံး shortcut တွေ

 Windows ကို Shut Down ချဖို့ အမြန်ဆုံး shortcut တွေ




၀င်းဒိုး အသုံးပြုသူအများစုက Computer ကို Shut Down ချဖို့ Windows Start Menu ကို သုံးကြပါတယ်။ ဒါပေမယ့် အဲဒီထက် ပိုမို မြန်ဆန်တဲ့ နည်းလမ်းများလည်း ရှိပါသေးတယ်။ ၀င်းဒိုးကို အမြန်ဆုံး Shut Down ချနိုင်မယ့် နည်းလမ်းများကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
Alt+F4
ဒီနည်းလမ်းကိုတော့ ၀င်းဒိုး ဗားရှင်းအားလုံးမှာ သုံးနိုင်ပါတယ်။ Desktop ပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး Alt+F4 ကို နှိပ်ပါ။ Shut Down Windows Prompt ပေါ်လာရင် အိုကေကို နှိပ်ပါ။ Windows+D ကို နှိပ်ပြီး Alt+F4 ကို တန်းနှိပ်လို့လည်း ရပါတယ်။
Windows X Menu
ဒီနည်းလမ်းကိုတော့ Windows 8 နဲ့ သူ့အထက် ဗားရှင်းများမှသာ သုံးနိုင်ပါတယ်။ Windows X ကို နှိပ်ရင် Menu ပေါ်လာမှာပါ။ U ကို နှစ်ခါနှိပ်ပါ။ ပထမတစ်ခါနှိပ်ရင် Shut down or sign out ကို ရွေးပေးမှာပါ။ ဒုတိယတစ်ချက်ကတော့ Shut down ကို နှိပ်တာ ဖြစ်ပါတယ်။
Start Menu
ဒီနည်းကိုတော့ လူအများစု အသုံးပြုလေ့ရှိကြပါတယ်။ မောက်စ်နဲ့ သုံးနိုင်သလို ကီးဘုတ် ကနေလည်း ပြုလုပ်နိုင်ပါတယ်။ Windows Key ကို နှိပ်ပြီး Arrow Key ဖြင့် Shut Down ကို ရွေးပေးပြီး အန်းတား နှိပ်ပါ။
#ZMAOnlineClass 
See less

Computer ဒ/ဓ ပြသာနာဖြေရှင်းနည်း





 #ဒ-ရိုက်မရ ပြဿနာ

#ဓ-ရိုက်မရ ပြဿနာများအားဖြေရှင်းနည်း⬇
👇👇👇
Microsoft Word, Photoshop, adobePagemaker, AdobeInDesign, AdobeIllustratorမှာ win innwaနဲ့
ဒ၊ ဓ ရိုက်မရသူများ အောက်ပါအတိုင်း လုပ်ကြည့်ကြပါ။
#MicrosoftWord ... Tools > Auto Correct ကို ဖွင့်ပါ။ အဲဒီထဲက Auto Format As You Type ကို ထပ်ဖွင့်ပါ။ အပေါ်ဆုံးမှာရှိတဲ့ Straight quotes with Smart quotes ကို အမှန်ခြစ်​ဖြုတ်ပါ(သို့) ​Uncheckလုပ်ပါ။
#AdobePhotoshop ... Edit > Preference > Type ကို ဖွင့်ပြီး Use Smart Quotes ကို အမှန်ခြစ်​ဖြုတ်ပါ(သို့) ​Uncheckလုပ်ပါ။
#adobePageMaker7 ... File > Preference > General > More > Use Typographer's
Quotes ကို အမှန်ခြစ်​ဖြုတ်ပါ(သို့) ​Uncheckလုပ်ပါ။
#AdobeInDesign ... Edit > Preference > Type ကို ဖွင့်ပြီး Use Typographer's Quotes ကို အမှန်ခြစ်​ဖြုတ်ပါ(သို့) ​Uncheckလုပ်ပါ။
#AdobeIllustrator ... File > Document Setup > Type ကိုဖွင့်ပြီး Use Typographer's Quotes ကို အမှန်ခြစ်​ဖြုတ်ပါ(သို့) ​Uncheckလုပ်ပါ။